ကင်ဆာရောဂါ လက္ခဏာ (၇)ခု

ကင်ဆာရောဂါ လက္ခဏာ (၇)ခု


သတိပြုသင့်သည်များ

  • ဝမ်းသွားခြင်း (သို့) ဆီးသွားခြင်း အလေ့အကျင့်များ ပြောင်းလဲသွားခြင်း
  • အနာမကျက်ဘဲ ကြာရှည်နေခြင်း 
  • ပုံမှန်မဟုတ်သော သွေးထွက်ခြင်း (သို့) အရည်များထွက်ခြင်း
  • ရင်သား(သို့) တခြားနေရာများတွင် မာခဲခဲအကျိတ် စမ်းမိခြင်း
  • အစာမကြေခြင်း (သို့) မျိုချရခက်ခဲခြင်း
  • ရှိနေသော မှဲ့ (သို့) အသားပိုမှာ သိသိသာသာကြီးလာခြင်း
  • ချောင်းရက်ကြာဆိုးနေခြင်း (သို့) အသံပြောင်းသွားခြင်း 

*အထက်ပါ လက္ခဏာများကို ရက်သတ္တပတ် (၂)ပတ်ကျော်သည်အထိ မသက်သာဘဲ ခံစားနေရလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

ရောဂါကင်းစင်ပြီး ကျန်းမာစွာနေထိုင်ခြင်းသည် လူသားတိုင်း တောင့်တသောအရာဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ ကျန်းမာရေးဂရုစိုက်နေသည့်ကြားက ကင်ဆာရောဂါမှ ကင်းဝေအောင် လုပ်ဆောင်နိုင်ဖို့ မစွမ်းသာသော အခါများရှိနိုင်ပါသည်။ ကင်ဆာရောဂါကို စဖြစ်ခါစအဆင့်၊ အကြိုအဆင့်တွင် စမ်းသပ်တွေ့ရှိပြီး စနစ်တကျထိထိရောက်ရောက် ကုသနိုင်ပါက ပျောက်ကင်းနိုင်ခြေများပါသည်။ ထိုကြောင့် ကင်ဆာရောဂါစဖြစ်ခါစအဆင့်၊ အကြိုအဆင့်များကို စမ်းသပ်တွေ့ရှိနိုင်သော ကင်ဆာကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးပါသည်။